Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-08-31 to 2018-09-03

မြန်မာနိုင်ငံ EITI နည်းပညာနှင့်အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (MEITI-NCS) ၌ ကျင်းပခဲ့သည်။

အဆိုပါ Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား Mining Cadaster consultant ၏ အပြီးသတ်အစီရင်ခံစာအား ဆွေးနွေးရန်၊ Pre-Cadaster Working Group consultant ၏ စာချုပ်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် သတ္ထုတွင်းဦးစီးဌာန မှ  တာဝန်ရှိသူက Mining Cadaster အကြံပေးဖြစ်သူ Mr.Enrique Ortega တင်ပြလာသည့် အပြီးသတ်အစီရင်ခံစာအပေါ် သဘောထားမှတ်ချက်များ အားတင်ပြဆွေးနွေးတင်ပြခြင်း၊ ကမ္ဘာ့ဘဏ်မှ Mining Cadaster အကြံပေး၏ အကြံပြုသုံးသပ်ချက်များနှင့် ပြုပြင်ပြောင်းလဲရမည့်အချက်များအား ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။



ထို့နောက် Mining and Cadaster Focus Workshop တစ်ခုကျင်းပရန်၊ Mining Cadaster Consultant မှ ပေးပို့လာသောအခါ အစီရင်ခံစာများအား တစ်ပတ်အချိန်ယူလေ့လာပြီး သဘောထားမှတ်ချက်များ ပြန်လည်ပေးပို့ရန် စသည့် ဆုံးဖြတ်ချက်များအပါအဝင် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး မွန်းတည့် (၁၂) နာရီတွင် အစည်းအဝေးအား ရပ်နားခဲ့သည်။