အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ ပထမအကြိမ်အ စည်းအဝေး

2018-08-20 to 2018-08-28

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု  ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ ပထမအကြိမ်အ စည်းအဝေးအား၂၀၁၈ ခုနှစ်၊သြဂုတ်လ(၂၀) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများမှ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအကြောင်း မိတ်ဆက်တင်ပြခဲ့ပါသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာကြသော အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ေ ရး လုပ်ငန်းအဖွဲ့ ဝင်များမှလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးအဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၆၀/၂၀၁၈) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။