မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်အား မိတ်ဆက်တင်ပြခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲ

2018-08-23

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်အား မိတ်ဆက်တင်ပြခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Unit - SNU) ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကျင်းပခဲ့ပါသည်။

 

တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု  ဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်အား မိတ်ဆက်တင်ပြခြင်းအခမ်းအနားအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများမှ ကိုယ်စားလှယ််များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ််များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အား မြန်မာနိုင်ငံ EITI အကြောင်းအား မိတ်ဆက်တင်ပြခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Unit - SNU) ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲ အား ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ (၂၃) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ ညှိနှိုင်းရေးမှူးရုံး မှ တာဝန်ရှိသူများနှင့်  မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်တော်များက တိုင်းဒေသကြီး/ပြည်နယ်အဆင့်လုပ်ငန်း ညှိနှိုင်း  ဆောင်ရွက်ရေးအဖွဲ့များ၏ ဖွဲ့စည်းပုံ၊တာဝန်နှင့် လုပ်ပိုင်ခွင့်အား ရှင်းလင်း တင်ပြခဲ့ပြီး  တက်ရောက်လာကြသောစစ်ကိုင်းတိုင်းဒေသကြီးမှ သက်ဆိုင်ရာ အစုအဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းရေးအဖွဲ့အတွက် အမည်စာရင်းများ တင်သွင်းရွေးချယ်ကာ ဖွဲ့စည်းခဲ့ပါသည်။