(၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ အစည်းအဝေး ကျင်းပခြင်း (နေပြည်တော်၊ သြဂုတ် ၃ ၊ ၂၀၁၈)

2018-08-06 to 2018-08-20

 မြန်မာနိုင်ငံ EITI (၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေး အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ၊ မြန်မာနိုိင်ငံ EITI ညှိနှိုင်းရေးမှူးနှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများမှ လေ့လာသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံEITIသုုံးပွင့်ဆိုင်ညွန် ့ပေါင်းအဖွဲ ့ ဥက္ကဌ ဦးမောင်မောင်ဝင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး မှ အမှာစကား ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးတွင် ယခင်ကျင်းပပြုလုပ်ခဲ့ပြီးသော ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေး၊ ၂၀၁၆-၁၇ ခု၊ ဘဏ္ဍာနှစ် MEITI အစီရင်ခံစာသစ်အတွက် လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ (IA) ရွေးချယ်မှု လုပ်ငန်းစဉ် ၊ Pre-Cadaster Working Group Consultant တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမႈ အခြေအနေများ၊ MEITI သစ်တောကဏ္ဍအစီိရင်ခံစာ၏ တိုးတက်မှု အခြေအနေများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာရှေ့ပြေးစီမံကိန်းအစီရင်ခံစာ  ၊ Mining Cadaster တို့နှင့်ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ ဘဏ္ဍာရေးနှင့် ပစ္စည်း၊ ဝန်ဆောင်မှု ဝယ်ယူခြင်း/ရယူခြင်း (Procurement) ဆိုင်ရာ ကိစ္စရပ်များ၊ အကဲဖြတ်ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆိုင်ရာ ပြင်ဆင်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်အစီအစဉ်များ၊ (၁၄) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုအခြေအနေများ နှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်အတည်ပြု၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းဖြင့် (၁၅) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး အား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။