မြန်မာနိုင်ငံ EITI ရွေးချယ်ရေး လုပ်ငန်းခွဲကော်မတီအစည်းအဝေး ကျင်းပခြင်း(ရန်ကုန်၊ ဇူလိုင် ၃၀ ၊ ၂၀၁၈)

2018-07-30 to 2018-08-03

မြန်မာနိုင်ငံ EITI  ရွေးချယ်ရေး လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် EITI အစီရင်ခံစာ ရေးဆွဲရန် အလို့ငှာ အဆိုပြုလျှောက်ထားလာသည့် နိုင်ငံတကာအကြံပေးအဖွဲ့များအား အကဲဖြတ်စိစစ်ရွေးချယ်နိုင်ရေးအတွက်  အစည်းအဝေးအား ကျင်းပရခြင်း  ဖြစ်ပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ အဆိုပြုလာသည့် နိုင်ငံတကာအကြံပေးအဖွဲ့များ၏ လုပ်ငန်းအတွေ့အကြုံများ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင် မှုများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုများ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားရှိမှု အခြေအနေများ၊ နိုင်ငံတကာအကြံပေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ပြည်တွင်း မိတ်ဖက်အဖွဲ့ ရှိ၊ မရှိ အခြေအနေများ စသည်တို့ကို  နှိုင်းယှဉ် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသည့်  ရွေးချယ်ရေး လုပ်ငန်းခွဲ ကော်မတီဝင် များ မှ ပြန်လည်ဆွေးနွေးခြင်း၊ အကဲဖြတ််အမှတ်ပေးခြင်း များ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ရွေးချယ်ထားသည့် Pre-Cadaster Working Group အကြံပေးပညာရှင်မှ အဆိုပြုတင်ပြလာသည့် နည်းပညာ နှင့် ဘဏ္ဍာရေးအဆိုပြုလွှာကိုလည်းကော်မတီဝင်များနှင့် တာဝန်ရှိသူများမှ ဆွေးနွေးအကြံပြုခြင်း များ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI ရွေးချယ်ရေး လုပ်ငန်းခွဲကော်မတီဝင်များ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (မဟာဗျူဟာနှင့် EITI ဌာနခွဲ) ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။