Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခြင်း (၂၀၁၈၊ ဇူလိုင်လ ၂၀ ရက်)

2018-07-20 to 2018-07-31

Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈  ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးရုံးတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (မဟာဗျူဟာနှင့် EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ Mining Cadaster လုပ်ငန်းခွဲကော်မတီဝင်များ၊ မိတ်ဖက်ဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှုး နှင့် တာဝန်ရှိသူများ၊ Mining Cadaster အကြံပေးဖြစ်သူ Mr. Enrique Ortega တို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် Mining Cadaster အကြံပေးဖြစ်သူမှ ၎င်း၏ တတိယမြောက်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကွင်းဆင်းလေ့လာတွေ့ရှိချက်များ နှင့် အကြံပြုသုံးသပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းခွဲကော်မတီ ဝင်များနှင့် တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။