လိုက်ဘေးရီးယား EITI အတွေ့အကြုံ မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

2017-12-05



၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် Novotel ဟိုတယ်၌ မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေး မှူးရုံးနှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ပူးတွဲ ၍ ၂၀၀၉ ခုနှစ်တွင် တွင်းထွက်သယံဇာ တတူးဖော်ထုတ်လုပ်ခြင်းပွင့်လင်းမြင်သာမူ ဖော်ဆောင်ရေး ဥပဒေ ရေးဆွဲခဲ့သော လိုက်ဘေး ရီးယားနိုင်ငံ၏ EITI အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာ အတွေ့အကြံုများ မျှဝေခြင်းအခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းပွဲသို့ သစ်တောဦးစီး ဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ကိုယ်စားလှယ်များ၊သစ်တောထွက်ပစ္စည်းဖက်စပ်မှ ကိုယ်စားလှယ်များ နှင့် ပြည်တွင်းပြည်ပ မှ သစ်တောနှင့်စပ်ဆက်၍ လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ် ၊ WWF ၊NRGI ၊ FREDA ၊ Forest Trends၊ MFA နှင့် WCS၊ POINT တို့ အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် လိုင်ဘေရီးယားနိုင်ငံမှ EITI ကျွမ်းကျင်ပညာရှင် Mr. T. NEGBALEE WARNER (Former Head of Secretariat, Liberia EITI & Former Member of the Validation Committee, EITI International Board & Current Dean/Associate Professor of Law, University of Liberia) မှ ပြည်တွင်းစစ်များဖြစ်ပွားခဲ့သည့် လိုက်ဘေးရီးယားနိုင်ငံ၏ သစ်တောကဏ္ဍမှအချက်လက်များ EITI အစီရင်ခံစာတွင် ထည့်သွင်းခြင်းအတွေ့အကြံုများကို မျှ ဝေခဲ့ပြီး Forest Trends အဖွဲ့မှ Mr. Arthur Blundell မှ EITI နှင့် FLEGT VPA တို့၏ တူညီချက်၊ ကွဲပြားချက်များကို ရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံမှ တက်ရောက်လာကြသည့် ပညာရှင်များကလည်း ၂၀၁၈ ခုနှစ် မတ်လတွင် ထွက်ရှိမည် ဒုတိယအကြိမ် နှင့် တတိယအကြိမ် မြန်မာနိုင်ငံဆိုင်ရာ EITI အစီရင်ခံစာတွင် သစ်တောကဏ္ဍထည့်သွင်းရာတွင်တွေ့ကြံုရသည့် အခက်ခဲများနှင့် ထိရောက်သည့် MEITI အစီရင်ခံစာ ထွက်ရှိလာရေးအတွက် ဥပဒေပြဌာန်းရေးကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။