မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များနှင့် ပတ်သတ်သော လေ့လာဆန်းစစ် အတည်ပြုခြင်း  ဆိုင်ရာ အကြို အလုပ်ရုံ ဆွေးနွေးပွဲ

2018-01-30



မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်လောင်းနိုင်ငံ (Candidate Country) ဖြစ်ပြီး EITI လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ပထမအကြိမ်အစီရင်ခံစာအား ၂၀၁၆ ဇန်နဝါရီ်လတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ ယခုအခါ ဒုတိယ နှင့် တတိယမြောက် အစီရင်ခံစာအား ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်နိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိ ပါသည်။ အစီရင်ခံစာများ ထုတ်ပြန်ပြီးနောက် EITI လုပ်ငန်းစဉ် တစ်ခုအဖြစ် မြန်မာနိုင်ငံ၏ တိုးတက်မှု့ အခြေနေများကို လေ့လာဆန်းစစ် အတည်ပြုခြင်း လုပ်ငန်းစဉ် (Validation Process) များ ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ထိုလေ့လာဆန်းစစ်အတည်ပြုခြင်း လုပ်ငန်းစဉ် (Validation Process) အား EITI စံနှုန်းများနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်အတွက် အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နေပြည်တော် Horizon Lake View ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ပြီး နိုင်ငံတကာ EITI အတွင်းရေးမှုးရုံးမှ ကိုယ်စားလှယ်များမှ လေ့လာဆန်းစစ် အတည်ပြုခြင်းနှင့် ပတ်သတ််၍ ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များနှင့်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များမှ အပြန် အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။