၂၀၁၄-၂၀၁၅ နှင့်၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံ EITIအစီရင်ခံစာ(မူကြမ်း) ပါထောက်ခံအကြံပြုချက် များ နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ

2018-02-08

လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ (Moore Stephens) မှပေးပို့လာ သော၂၀၁၄-၂၀၁၅နှင့် ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံEITI အစီရင်ခံစာ(မူကြမ်း) ပါထောက်ခံအကြံပြုချက်များ (Recommendations) များနှင့် အစီရင်ခံစာပါ အချက်အလက်များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၈) ရက်တွင် နေပြည်တော်ရှိ Horizon Lake View Hotel တွင် အလုပ်ရုံဆွေးနွေးပွဲ အား ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွှေးနွေးပွဲအား သုံးပွင့်ဆိုင်ညွန့်ပေါင်းကိုယ်စားလှယ်များ၊ နည်းပညာနှင့်အစီရင်ခံခြင်း ဆပ်ကော်မတီ ကိုယ်စားလှယ်များ ၊ မြန်မာနိုင်ငံ EITI နှင့် ပတ်သက်ဆက်စပ်သော သက်ဆိုင်ရာ အစိုးရဌာနများကိ်ုယ်စားလှယ်များ၊ MEITI အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်နှင့် DFID မှ တာဝန်ရှိပဂ္ဂိုလ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။