လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပပြီးစီးခြင်း

2018-02-22



၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၂) ရက်နေ့နံနက်ပိုင်းတွင် Work plan & Governance Sub-Committee Meeting အား MEITI-NCS ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။`

အဆိုပါ အစည်းအဝေးပွဲတွင် Open Data နှင့် ပတ်သတ်ပြီး တင်ပြဆွေးနွေး Open Data Policy ရေးဆွဲခြင်းအတွက် ရှေ့ဆက်လုပ်ဆောင်ရန် လုပ်ငန်းစဉ် များ နှင့်ပတ်သတ်၍ ဆွေးနွေးတင်ပြခြင်း၊ MEITI Work plan နှင့် ပတ်သတ်၍ ပြန်လည်သုံးသပ် ဆွေးနွေးတင်ပြခြင်း များ အားပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် Sub-Committee မှကိုယ်စားလှယ်များ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော အဖွဲ့များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိ သူများနှင့် ညှိနှိုင်းဖော်ဆောင်ရေး ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။