တစ်ဆယ့်နှစ်ကြိမ်မြောက် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအစည်းအဝေးအား ကျင်းပပြီးစီးခြင်း

2018-03-16

၂၀၁၈ ခုနှစ်် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ Inya Lake ဟိုတယ်၌ ၁၂ ကြိမ်မြောက်သုံးပွင့် ဆိုင်ညွန့်ပေါင်း (MSG) အစည်းအဝေးအား ကျင်းပပြုလုပ် ခဲ့ပါသည်။

ယင်းပွဲသို့မြန်မာနိုင်ငံ သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် MSG ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ အစိုးရဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိသူများ၊ IA (Moore Stephen) မှ ကိုယ်စားလှယ် နှင့်မြန်မာနိုင်ငံ EITI ဖော်ဆောင််ရေး လုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်နေ ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည့် MOBD မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိပဂ္ဂိုလ်များ၊ US Embassy မှ တာဝန်ရှိသူများ၊ MEITI အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ နှင့် လေ့လာသူများ တက်ရောက်ခဲဲ့့ကြ ပါသည်။

အဆုုိပါ အစည်းအဝေးတွင် ဒုတိယအကြိမ် နှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အကြိုအစီရင်ခံစာ (pre-final report) နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ အကျိုး အမြတ်ရရှိပိုင်ဆိုင်မှု့ (Beneficial Ownership) နှင့် ပတ်သတ်၍ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ သစ်တော ကဏ္ဍနှင့် ပတ်သတ်သော Template Training အတွေ့အကြုံများအား မျှဝေခြင်းနှင့် သစ်တောကဏ္ဍ အစီရင်ခံစာ ထွက်ရှိရန် အချိန်ဇယားကို တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် EITI ဥပဒေမူဝါ ဒများချမှတ်နိုင်ရန် အတွက် လက်ရှိ ဥပဒေ၊ မူဝါဒများအား လေ့လာသုံးသပ်နိုင်ရန် ToR များအား အကြမ်းဖျင်း ဆွေးနွေးခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သတ်သော အလုပ်ရုံဆွေးနွေးပွဲ (SOE- Extractive Industry) ကျင်းပရန် အတွက် အဆိုပြုရေးဆွဲထားသော အလုပ်ရုံဆွေးနွေးပွဲ အစီစဉ် မူကြမ်းအားတင််ပြ ဆွေးနွေးခြင်း၊ SNU ဖွဲ့စည်းခြင်းနှင့် ပတ်သတ်ပြီး ရှေ့ဆက်လုုပ်ဆောင်မည့် အစီစဉ်များအား အပြန်အလှန်် ဆွေးနွေးခြင်း များ ပြုလုုပ်ခဲ့ပြီး ယနေ့ပြုလုပ်ကျင်းပသော ၁၂ ကြိမ်မြောက် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးပွဲ ဆုံးဖြတ်ချက်များ အား အတည်ပြုပြီး အစည်းအဝေးအား ပြီးဆုံးခဲ့ပါသည်။