နည်းပညာနှင့်အစီရင်ခံခြင်းလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခြင်း

2018-03-06



၂၀၁၈ ခုနှစ်၊မတ်လ၊ ၆ နံနက်ပိုင်းတွင် Technical & Reporting Sub-Committee Meeting အား MEITI-NCS ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။`

အဆိုပါ အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံ ညှိနှိုင်းဖော်ရေးရုံးမှ Technical Specialist မှ တွင်းထွက် သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) နှင့်ပတ်သတ်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် အတွက် အဆိုပြုရေးဆွဲထားသော အလုပ်ရုံဆွေးနွေးပွဲအစီစဉ်အား အသေးစိတ်ဆွေးနွေး ခဲ့ပါသည်။ ထိုနောက် Technical Coordinator မှ လာမည့် မတ်လ နောက်ဆုံးအပတ်တွင် ပြုလုပ်ကျင်းပမည့် Beneficial Ownership Pre-Workshop နှင့် ပတ်သတ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည့် အစီစဉ်အား တင်ပြပြီး အသေးစိတ်ဆွေးနွေးတိုင်ပင် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် လုပ်ငန်းခွဲ ကော်မတီ မှကိုယ်စားလှယ်များ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော အဖွဲ့များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိသူများ၊ မြန်မာနိုင်ငံ ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။