ပြန်ကြားဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီ အစည်းအဝေးကျင်းပခြင်း

2018-04-06

၂၀၁၈ ခုနှစ် ၊ဧပြီလ ၆ရက်နေ့ နေ့လည်ပိုင်းတွင် Communication & Outreach Sub-Committee Meeting အား MEITI-NCS ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။`

အဆိုပါ အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံ ညှိနှိုင်းဖော်ရေးရုံးမှ စီမံကိန်းမန်နေဂျာမှ ပြည်နယ်/တိုင်းဒေသကြီး အဆင့်လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းတာဝန်များနှင့် ပတ်သတ်ပြီး အသေးစိတ် ဖြည့်စွက် ဆွေးနွေး ခဲ့ပါသည်။ ထိုနောက် Technical Coordinator မှ ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ မြန်မာ EITI အစီရင်ခံစာ မိတ်ဆက်ပွဲ (Report Launching) နှင့် ပတ်သတ်သော အဆိုပြု အစီစဉ်နှင့် ဖိတ်ကြားမည့် သူများ စာရင်းအား ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် Sub-Committee မှကိုယ်စားလှယ်များ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော အဖွဲ့များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိသူများ၊ မြန်မာနိုင်ငံ ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။