ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် မြန်မာအီးအိုင်တီအိုင် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေး (မန္တလေးတိုင်း)

2018-05-04



အီးအိုင်တီအိုင် လုပ်ငန်းစဉ်များကိုဖော်ဆောင်ရန် အတွက် ဖွဲ့စည်း ထားပြီးဖြစ်သော မန္တလေးတိုင်းဒေသကြီး၏ လုပ်ငန်း ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးရန် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ မေလ၊ ၀၄ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ အီးအိုင်တီအိုင် ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း မန္တလေးတိုင်းဒေသကြီး နှင့် သက်ဆိုင်သော အခွင့်အလမ်းများအား ဆွေးနွေးခြင်း၊ ဖွဲ့စည်း ပုုံ နှင့် လုပ်ငန်းစဉ်များအား ရှင်းပြခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် အတွေ့အကြံုများအား သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များမှ ရှင်းလင်းမျှဝေခြင်း များပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ အစိုးရအဖွဲ့မှ ၀န်ကြီး ချုပ်နှင့် ၀န်ကြီးများ၊ အစိုးရအဖွဲ့ မှ တာဝန်ရှိသူများ၊ လွတ်တော် ဒုတိယ ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး လုပ်ငန်းညှိနှိုုင်းဆောင်ရွက်ရေး အဖွဲ့ မှ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အီးအိုင်တီအိုင် ညှိနှိုင်းဖော် ဆောင်ရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။