မြန်မာနိုင်ငံအကျိုးအမြတ်ရရှိပို်င်ဆိုင်မှု ရှေ့ပြေးစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

2018-05-14

မြန်မာနိုင်ငံအကျိုးအမြတ်ရရှိပို်င်ဆိုင်မှု (Beneficial Ownership) ရှေ့ပြေးစီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ Inya lake Hotel တွင် ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၊ ဒုဥက္ကဌ နှင့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ၏ အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဖက်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ MOBD မှ တာဝန်ရှိသူများ၊ ကုမ္မဏီများရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ ကျောက်မျက်ရ တနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်း ရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အကျိုး အမြတ်ရရှိပိုင်ဆိုင်မှု (BO) ရှေ့ပြေးလုပ်ငန်းတွင် ပါဝင်ကြမည့် သတ္တုလုပ်ငန်းကုမ္မဏီများ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ကုမ္မဏီများ၊ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ကုမ္မဏီများ၊ သစ်တောလုပ်ငန်းကုမ္မဏီများနှင့် MEITI ညှိနှိုင်းရေးမှုးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပထမဦးစွာ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုဥက္ကဌ ဦးဝင်းထိန် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) အတိုင်ပင်ခံဖြစ်သူ Adam Smith International (ASI) မှ Anton Ruhling မှ နိုင်ငံတကာစံသတ်မှတ်ချက်အနေဖြင့် ဆောင်ရွက်လျက်ရှိသော အကျိုး အမြတ်ရရှိပိုင်ဆိုင်မှု (BO) အား ဖော်ထုတ်ပြသခြင်း၊အဓိကယူဆချက်များနှင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် အကျိုး အမြတ်ရရှိပိုင်ဆို်င်မှုအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော တာဝန်ရှိသူများ မှ မေးခွန် းများမေးမြန်းခြင်းနှင့် ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ထုတ်ခြင်း (Template) ပုံစံ နှင့် အုပ်စုဖွဲ့ဆောင်ရွက်ဆွေးနွေးခြင်း၊ မေးခွန်းများ ပြန်လည်မေးမြန်းခြင်း နှင့် ဆွေးနွေးမှုများအပြီးတွင် သုံးပွင့် ဆိုင်ညွှန့်ပေါင်းအဖွဲ့ အစိုးရဖက်ကိုယ်စားလှယ် ဦးကျော်သက်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုဥက္ကဌ ဦးဝင်းထိန် မှ နှုတ်ခွန်း ဆက်စကားပြောကြားခြင်းများဖြင့် မြန်မာနိုင်ငံအကျိုးအမြတ်ရရှိပို်င်ဆိုင်မှု (Beneficial Ownership) ရှေ့ပြေးစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။