(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့

2020-09-17

(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက်(၁၀၀၀) နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ EITI ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ က ဦးစွာ အဖွင့်အမှာစကားရာတွင် အစည်းအဝေးတွင် ဆွေးနွေးကြမည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ပါသည်။  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံ EITI ဦးဆောင် ကော်မတီအတွင်းရေးမှူးမှ (၉) ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး နောက်ပိုင်း ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဥ်များ၊ မြန်မာနိုင်ငံ EITI ဖွဲ့စည်းပုံအသစ်နှင့် ပတ်သက်၍ စီစဥ်ဆောင်ရွက်ထားရှိမှုများOrganizational Development Consultant ထံမှရရှိလာသည့် အဆိုပြုဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန် လွှဲပြောင်းမှုအခြေအနေ၊ Mining Cadaster လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေပေးချေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူကလည်း National Coordinator အခန်းကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ ပေးပို့လာသည့်စာအား တင်ပြခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးမှ ညှိနှိုင်းရေးမှူးရုံး၏ လုပ်ငန်းတာဝန်များ လွှဲပြောင်းမှု စတင် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်ခဲ့စဥ်မှ ယခုအချိန်အထိ ရရှိလာခဲ့သည့် မြန်မာနိုင်ငံ EITI ၏ အောင်မြင်မှု မှတ်တိုင်များအကြောင်း အကျဥ်းချုပ် တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာ၊ နည်းပညာကျွမ်းကျင်သူ၊ နည်းပညာညှိနှိုင်းရေးတာဝန်ခံတို့က (၆) ကြိမ်မြောက် မြန်မာနိုင်ငံ EITI (Summary Data) ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Validation လုပ်ငန်းစဥ်အရ ဆောင်ရွက်ရမည့် Corrective Action (၁၂) ချက်၊ စာချုပ်စာတမ်း ပွင့်လင်းမြင်သာမှုဆိုင်ရာ သမ္မတရုံး အမိန့်ကြော်ငြာစာထုတ်ပြန်ရန် ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်း အစီအစဥ် နှင့် စီမံအုပ်ချုပ်ရေး လုပ်ငန်းခွဲကော်မတီမှ Organizational Development စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ချက်များအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဆက်လက်လုပ်ဆောင်ရမည့်အချက်များအား လမ်းညွှန်ခဲ့ကြပါသည်။

 

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိသူများမြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် လေ့လာသူများအဖြစ် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းမှ ကဏ္ဍအလိုက် ကိုယ်စားလှယ်တစ်ဦးစီဖြင့် (၃) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။