26th MSG Meeting

2020-03-06

(၂၆) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

(၂၆) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၆) ရက်နေ့၌ Best Western Green Hill Hotel ၊ ရန်ကုန်တွင် ကျင်းပခဲ့သည်။

 

အဆိုပါအစည်းအဝေးအား ပဉ္စမအကြိမ်မြောက်  (၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်) မြန်မာနိုင်ငံ EITI  အစီရင်ခံစာ မူကြမ်း၊ တတိယအကြိမ် (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်) နှင့်စတုတ္ထအကြိမ် (၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်) သစ်တောကဏ္ဍ မြန်မာနိုင်ငံ EITI  အစီရင်ခံစာမူကြမ်းတို့အား ဆွေးနွေးရန်၊ ဆဋ္ဌမကြိမ်မြောက် (၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်) နှင့် သတ္တမအကြိမ်မြောက် (၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်) MEITI  အစီရင်ခံစာ Deadline Extension Request နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ Contract Transparency Workshop ၏ နောက်ဆက်တွဲ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ စီစဉ်ထားရှိမှု နောက်ဆုံးအခြေအနေများ စသည်တို့အား ဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။



အစည်းအဝေး၌  အစီရင်ခံစာမူကြမ်းများအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမှ ပြန်လည်ပြင်ဆင်ရန်ပေးပို့ထားသည့် သဘောထားမှတ်ချက်များအား Independent Administrator မှ ပြင်ဆင်ပေးရန်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၄၄) ချက်အား ချမှတ်ဆုံးဖြတ်ခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ EITI ညွန့်ပေါင်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ မြန်မာနိုင်ငံ EITI  သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ၏ ကဏ္ဍစုံကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ Independent Administrator (BDO)  မှတာဝန်ရှိသူများ၊ လေ့လာသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။