နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခဲ့



နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လည် (၁: ၀၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား Project Level Reporting လုပ်ငန်းစဉ်အတွက် အဆင့် (၂) ဖြစ်သည့် မည်သို့သော Revenue Streams မျိုးသည် သက်ဆိုင်ရာ Project အောက်တွင် အစီရင်ခံသင့်ကြောင်း ခွဲခြားဖော်ထုတ်ရန်အတွက် ဆွေးနွေးရန်၊ ထုတ်ပြန်ပြီးခဲ့သော သစ်တောကဏ္ဍဆိုင်ရာ အစီရင်ခံစာများမှ Data များကို Data Portal တွင် ထုတ်ပြန်နိုင်ရန်နှင့် ပတ်သက်၍ ဆွေနွေးရန်၊ Commodity Trading Report နှင့်ပတ်သက်၍ ဆွေးနွေးရန်၊ Systematic Disclosure  Feasibility Consultant ၊ Quasi-fiscal Expenditure study consultant ရွေးချယ်ငှားရမ်းခြင်းလုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် Project Level Reporting လုပ်ငန်းစဉ်အတွက် အဆင့် (၂) ကဏ္ဍအလိုက် Revenues အမျိုးအစားများအား သက်ဆိုင်ရာဌာနအလိုက်ဖြည့်စွက်ဆွေးနွေးခြင်း၊ ထုတ်ပြန်ပြီးသော MEITI သစ်တောကဏ္ဍအစီရင်ခံစာများအတွက် Data Portal တည်ဆောက်ရန် လက်ရှိအခြေအနေများ၊ ရည်ရွယ်ချက်များနှင့်အကျိုးကျေးဇူးများအား ဆွေးနွေးခြင်း၊ Commodity Trading Report အပြီးသတ်မူကြမ်းအား BDO မှရှင်းလင်းတင်ပြခြင်းနှင့် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများက ဖြည့်စွက်ဆွေးနွေးခြင်း၊ Systematic Disclosure  Feasibility Consultant ၊ Quasi-fiscal Expenditure study consultant ရွေးချယ်ငှားရမ်းခြင်းလုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ ရွေးချယ်ရန်လုပ်ငန်းစဉ်များနှင့် အတည်ပြုခြင်း စသည့် အစီအစဉ်များဖြင့် ဆွေးနွေးခဲ့သည်။ ထို့နောက် Project Level Reporting နှင့်ပတ်သက်၍ တင်ပြခဲ့သည့် Revenue stream များအား ဆွေးနွေးသဘောတူခဲ့သည့် ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၇) ချက်အား သဘောတူဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များအပြင် ထပ်မံဖိတ်ကြားထားသော သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD)၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများတက်‌ရောက်ခဲ့ကြသည်။