အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) ဖော်ဆောင်ခြင်း၊ အချက်အလက်များ ကောက်ယူခြင်းအတွက် သတင်းအချက်အလက်‌ ဝေမျှမှုအစီအစဉ်နှင့် Template ဖြည့်သွင်းမှု သင်တန်းကျင်းပရန်ရှိ

မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ်အရ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) ဖော်ဆောင်ခြင်း၊ အချက်အလက်များ ကောက်ယူခြင်းအတွက် သတင်းအချက်အလက်‌ ဝေမျှမှုအစီအစဉ်နှင့် Template ဖြည့်သွင်းမှု သင်တန်းများအား ကျင်းပရန်ရှိ

မြန်မာနိုင်ငံသည် EITI လုပ်ငန်းစဉ်အရ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖောင်ဆောင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သမ္မတရုံးအမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာတွင်ပါဝင်သည့် သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍမှ ကုမ္ပဏီနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပေါင်း ၁၆၂ ခုမှ ၎င်းတို့၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများ၏ အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ယခုအခါတွင်လည်း ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာတွင် ပါဝင်သည့် ကုမ္ပဏီများ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်ကောက်ယူခြင်း အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခြင်း နှင့် ဖြည့်သွင်း ရမည့် Template Form ပုံစံအား ဖြည့်သွင်းနည်းများကို ရှင်းလင်းတင်ပြခြင်း အစီအစဉ်တို့အား နိုဝင်ဘာလ ၁၂ ရက်နေ့ (ကြာသပတေးနေ့) တွင် Online မှတစ်ဆင့် အောက်ပါအတိုင်း ပြုလုပ်သွား မည် ဖြစ်ပါသည် -

နေ့ရက် ။ ။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့

အချိန် ။ ။ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ

Zoom Link ။ ။ https://us02web.zoom.us/j/85245132341?pwd=T2k4WkVNY2VkT3BERFZydXJmL0VWZz09

(ID - 85245132341 Passcode – 951042)

 

အဆိုပါအစီအစဉ်အား အထက်ပါ Zoom Application Link ကတစ်ဆင့်ဖြစ်စေ၊ MEITI ၏ facebook စာမျက်နှာ (https://www.facebook.com/MyanmarEITI) မှ ဖြစ်စေ ပူးပေါင်းတက်ရောက် ကြည့်ရှု နိုင်ပါသည်။ မေးမြန်းလိုသည့် မေးခွန်းများကိုလည်း Zoom မှ သော်လည်းကောင်း၊ MEITI Facebook မက်ဆင်ဂျာနှင့် Comment မှသော်လည်းကောင်း မေးမြန်းနိုင်ပါသည်။