အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲ ကျင်းပ

2020-02-28 to 2020-03-04

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ရန်ကုန်ရှိ CBC Ballroom ၊ Cooperative Business Centre ၌ ကျင်းပခဲ့သည်။

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ရန်ကုန်ရှိ CBC Ballroom ၊ Cooperative Business Centre ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားအား မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအနက်မှ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်၏ ပထမအဆင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များ ကောက်ယူခြင်းမှ ရရှိိသည့်အချက်အလက်များ အား ထုတ်ပြန်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံ EITI  သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဌာနအကြီးအကဲများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ သံရုံးများ၊ မြန်မာနိုင်ငံ EITI ညှိနှိိုင်းရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကုမ္ပဏီများ၊ သတင်းမီဒီယာများနှင့် လေ့လာသူများတက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနား၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းမှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာ  EITI အတွင်းရေးမှူးရုံး၏ Executive Director  Mark Robinson  မှ ပေးပို့သည့် သတင်းစကားရုပ်သံအား  ပြသခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 ဆက်လက်၍ စကားဝိုင်းဆွေးနွေးခြင်း (Panel Discussion) အစီအစဉ်ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်၌ စကားဝိုင်းဆွေးနွေးသူ (Panelist) များအဖြစ်အစိုးရကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးရွှေဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းကြူ၊ လုပ်ငန်းရှင်ကဏ္ဍမှ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်၊ အရပ်ဘက်ကဏ္ဍမှ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ ဦးဆောင်ကော်မတီဝင် ဒေါ်မိုးမိုးထွန်းတို့မှ  ပါဝင်ခဲ့ပြီး စကားဝိုင်းညှိနှိုင်းဆောင်ရွက်သူအဖြစ် Natural Resource Governance Institute (NRGI) Myanmar မှ Country Manager  ဦးမော်ထွန်းအောင်မှ ပံပိုးကူညီခဲ့သည်။ သတင်းမီဒီယာများနှင့် တက်ရောက်သူများကလည်း မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာကဏ္ဍမှ Panelist များနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်နှင့် တာဝန်ရှိသူများမှ မေးမြန်းမှုများအား ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။