အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၈) ကြိမ်မြောက်အစည်းအဝေးကျင်းပခဲ့

2020-02-24

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၈) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့၌ ဟိုတယ်ပြည်သာယာ၊ ရန်ကုန်တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှ တာဝန်ရှိသူများ၊ ဌာနဆိုင််ရာမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ ပထမအကြိမ် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များ ကောက်ခံရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ Individual Consultant ဖြစ်သူ Ms. Charlotte Boyer ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက် ကောက်ယူ ခြင်း လုပ်ငန်းစဉ် လေ့လာသုံးသပ်မှု အစီရင်ခံစာအား ရှင်းလင်းဆွေးနွေးခြင်းနှင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲအစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။