Beneficial Ownership Definition

2019-09
Category : Other Documents

အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများ

အောက်တွင် ဖော်ပြထားသည့် “အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ” ၏ အဓိပ္ပါဖွင့်ဆိုချက်ကို အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့က သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ထိုအဖွဲ့ကို ပြည်ထောင်စုသမ္မတ နိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန၊ အမိန်ကြော်ငြာစာအမှတ် (၆၀/၂၀၁၈) ဖြင့် ဖွဲ့စည်းထားပါသည်။

၂၀၁၉ EITI စံနှုန်း၊ လိုအပ်ချက် (၂.၅.စ.၁) တွင် “ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်သော အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ ဆိုသည်မှာ သက်ရှိထင်ရှား လူပုဂ္ဂိုလ် (များ) ဖြစ်ပြီး ကုမ္ပဏီများကို တိုက်ရိုက်သောလည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အန္တိမပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် သူများကိုဆိုလိုပါသည်။” ဟု ဖော်ြပပါရှိပါသည်။

လိုအပ်ချက် (၂.၅.စ.၂) နှင့်အညီ မြန်မာနိုင်ငံ EITI သုံဂပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ သတ်မှတ်ချက်အရ “အကျိုးအမြတ် ရရှိပိုင်ဆိုင်သူကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။

၁။ အများပိုင် ကုမ္ပဏီ (သို့) ပုဂ္ဂလိက ကုမ္ပဏီ (သို့) ကော်ပိုရေးရှင်း၏ အစုရှယ်ယာ ၅ % နှင့် ၅ % အထက်ကို တိုက်ရိုက် (သို့) သွယ်ဝိုက်ပိုင်ဆိုင်သော လူပုဂ္ဂိုလ်

၂။ အများပိုင် ကုမ္ပဏီ (သို့) ပုဂ္ဂလိက ကုမ္ပဏီ (သို့) ကော်ပိုရေးရှင်း၏ မဲပေးပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ၅ % နှင့် ၅ % အထက်ကို တိုက်ရိုက် (သို့) သွယ်ဝိုက်ပိုင်ဆိုင်သော လူပုဂ္ဂိုလ်

၃။ အများပိုင် ကုမ္ပဏီ (သို့) ပုဂ္ဂလိက ကုမ္ပဏီ (သို့) ကော်ပိုရေးရှင်း၏ ဘုတ်အဖွဲ့ဝင် အများစုကို တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ခန့်အပ်ပိုင်ခွင့်၊ ဖယ်ရှားပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်

၄။ အများပိုင် ကုမ္ပဏီ (သို့) ပုဂ္ဂလိက ကုမ္ပဏီ (သို့) ကော်ပိုရေးရှင်းအပေါ်တွင် သိသာထင်ရှားစွာ လွှမ်းမိုးထိန်းချုပ်နိုင်သည့် အခွင့်အရေးရှိသည့်သူ (သို့) သိသာထင်ရှားစွာ လွှမ်းမိုးထိန်းချုပ်သူ လူပုဂ္ဂိုလ်

(အဆုံးစွန်ပိုင်ဆိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း ဆိုသည်မှာ ပိုင်ဆိုင်မှု (သို့) ထိန်းချုပ်နိုင်မှုကို တိုက်ရိုက်အပြင် အဆင့်ဆင့်သော ပိုင်ဆိုင်မှု (သို့) အခြားသောနည်းလမ်းများဖြင့် ထိန်းချုပ်မှုခြင်းကို ဆိုလိုသည်။ အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် အခြားသော ရင်းနှီးမြှုပ်နှံမှုများမှ တစ်နည်းနည်းဖြင့် အကျိုးအမြတ် ရရှိနေလျှင်လည်း အကျုံးဝင်သည်။)

၅။ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူသည် လူပုဂ္ဂိုလ်မဟုတ်ဘဲ အောက်ပါအစုရှယ်ယာများဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်းများဖြစ်လျှင် -

             က။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (သို့) ၎င်းတို့၏ လက်အောက်ခံ လုပ်ငန်းခွဲများအနေဖြင့် ၎င်းတို့၏ မိခင်ဝန်ကြီးဌာနနှင့် နိုင်ငံအမည်တို့အား ထုတ်ဖော်ရန်

             ခ။ အများပိုင်၊ စတော့ဈေးကွက်တွင် စာရင်းဝင်သည့်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အစုရှယ်ယာများကို ရောင်းချလျက်ရှိသော စတော့ဈေးကွက် အမည်နှင့် ကုမ္ပဏီမှ စတော့ဈေးကွက်တွင် မိမိ၏ စာရင်းရှင်းတမ်းများကို တင်ထားသည့် အင်တာနက်စာမျက်နှာ လိပ်စာတို့အား ထုတ်ဖော်တင်ပြရန်