စာရင်းတိုက်ဆိုင်ညှိနှိုင်းမှုအစည်းအဝေးများ ကျင်းပ

ပဥွမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်) နှင့် တတိယနှင့်စတုတ္ထအကြိမ် သစ်တောကဏ္ဍအစီရင်ခံစာများ (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်) တွင်ပါဝင်သည့် ကုမ္ပဏီများ၏ စာရင်းကွာဟချက်များအား စာရင်းတိုက်ဆိုင်ညှိနှိုင်းနိုင်ရေးအတွက် အစည်းအဝေးများအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစာရင်းတိုက်ဆိုင်ညှိနှိုင်းခြင်းအစည်းအဝေးများသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သတ္တုတွင်းဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရေနံနှင့်သဘာဝဓါတ်ငွေ့ စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းတို့မှ ဌာနတာဝန်ရှိသူများ နေ့ရက်အလိုက် အစီအစဉ်အတိုင်း တက်ရောက်ခဲ့ကြပြီး Independent Administrator (IA) ဖြစ်သည့် BDO နှင့် BDO Myanmar မှ တာဝန်ရှိသူများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကျောက်မျက်ကျောက်စိမ်းကဏ္ဍ၊ ပုလဲကဏ္ဍနှင့် သစ်တောကဏ္ဍတို့မှ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်တက်ရောက်ခဲ့သည်။