စာချုပ်စာတမ်းများပွင့်လင်းမြင်သာမှုအလုပ်ရုံဆွေးနွေးပွဲ (Contract Transparency Workshop) ကျင်းပ

2019-12-18 to 2019-12-19

စာချုပ်စာတမ်းများပွင့်လင်းမြင်သာမှုအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်ခဲ့သည်။

စာချုပ်စာတမ်းများပွင့်လင်းမြင်သာမှုအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်င်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်ကြီး၊

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့မှ ဌာနအကြီးအကဲများ၊ စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဦစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရသုံးမှန်းခြေငွေ

စာရင်း ဦးစီးဌာန (နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဘတ်ဂျက်ဌာနခွဲ)၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန (EITI Unit)၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တို့မှ ဌာနအကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝ ဓါတ်ငွေ့စီမံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ ကဏ္ဍစုံကိုယ်စားလှယ်များ၊ သတ္တုကဏ္ဍ၊ ကျောက်မျက် ကဏ္ဍ၊ ပုလဲကဏ္ဍ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ NRGI နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြားသောလေ့လာသူများ အသီးသီးတက်ရောက်ခဲ့သည်။

အလုပ်ဆွေးနွေးပွဲ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ စီမံကိန်းမန်နေဂျာမှ

မိတ်ဆက်စကားပြောကြားခြင်း၊ NRGI မှ တာဝန်ရှိသူများက သယံဇာတတူးဖော်ရေး ကဏ္ဍရှိ စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု၊ မြန်မာနိုင်ငံအနေဖြင့် စာချုပ်များ ထုတ်ပြန်ရခြင်း အကြောင်းရင်းများအား တင်ပြခြင်း၊ အစိုးရ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့်ကုမ္ပဏီများမှ

အတွေ့အကြုံများရှင်းလင်းတင်ပြခြင်း၊ အကောင်အထည် ဖော်ရန်နည်းလမ်းများ၊ အခက်အခဲများ၊ အခက်အခဲများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အချိန်သတ်မှတ်ချက်တို့အား အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အုပ်စုအလိုက် ကိုယ်စားပြုသူများက ဆွေးနွေးမှုရလဒ်များအား တင်ပြခြင်းနှင့်မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ စီမံကိန်းမန်နေဂျာမှ ကျေးဇူးတင်စကားပြောကြားခြင်းဖြင့် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြီးစီးခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား Natural Resource Governance Institute (NRGI) Myanmar မှ ရန်ပုံငွေနှင့် နည်းပညာပံ့ပိုးမှုများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၁၉ EITI စံနှုန်းသတ်မှတ်ချက်များအနက်မှ စံနှုန်းသတ်မှတ်ချက် ၂.၄ အရ သယံဇာတ လုပ်ငန်းများနှင့်သက်ဆိုင်သော ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုနှင့် ကျောက်မျက် ကျောက်စိမ်း ကဏ္ဍ၊ ပုလဲကဏ္ဍ နှင့် သစ်တောကဏ္ဍတို့ရှိ စမ်းသပ်လေ့လာခြင်းနှင့် တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစာချုပ်များတွင် ပါဝင်သည့် လိုင်စင်များ၊ သတ်မှတ်ချက်များ၊ သဘောတူညီမှုများ စသည့်တို့အား အများပြည်သူပွင့်လင်းမြင်သာစွာသိရှိနိုင်ရန် (Contract Transparency) အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှ

စတင်၍ဖွင့်ဟဖော်ထုတ်ရမည်ဖြစ်သည်။