နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2019-12-05

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ပဉ္စမအကြိမ် မြောက် MEITI အစီရင်ခံစာအချိန်မီ ထုတ်ပြန်နိုင်ရေးအတွက် Threshold နှင့် Reporting Template များအား ဆွေးနွေးခြင်း၊ ပထမအကြိမ် တွင်းထွက်သယံဇာတ ကဏ္ဍနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆွေးနွေးချက် များနှင့်အကြံပြုချက်များအပေါ် သဘောထားမှတ်ချက်များအား ဆွေးနွေးခြင်း၊ ဒုတိယအကြိမ် တွင်းထွက်သယံဇာတ ကဏ္ဍနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအတွက် NORAD ၏ Oil for Development Program မှ အကြံပေးဖြစ်သည့် Vidar Ovesen မှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း အတွေ့အကြုံများအား မျှဝေခြင်း၊ MEITI လုပ်ငန်းစဉ်အတွက် ဘဏ္ဍာရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီကိုယ်စားလှယ်များနှင့် အရန်ကိုယ်စား လှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ လေ့လာသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။