အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်ဖြည့်သွင်းခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခြင်း အချက်အလက် ဖြည့်သွင်းခြင်း

2019-11-07

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်ဆောင်ရွက်ခြင်းနှင့် အချက်အလက် ဖြည့်သွင်းရာတွင် အခက်အခဲများရှိပါက မေးမြန်းနိုင်ရန် Walk In Section များဆောင်ရွက်ခဲ့

EITI စံနှုန်းလိုအပ်ချက်အရ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်အား အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force)  နှင့် ဦးဆောင်ဌာနဖြစ်သည့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့က အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်း အစီအစဉ်ရေးဆွဲ၍ လမ်းညွှန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ၌ လုပ်ငန်းစဉ်အရ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက် ဖြည့်သွင်းခြင်းလုပ်ငန်းအား BO Online Form အသုံးပြု၍ ၂၈-၁၀-၂၀၁၉ ရက်နေ့မှ ၈-၁၁-၂၀၁၉ ရက်နေ့အထိ ကောက်ယူလျက်ရှိပါသည်။

 အချက်အလက် ဖြည့်သွင်းရာတွင် အခက်အခဲများရှိပါက မေးမြန်းနိုင်ရန် Walk In Section များအား ၁-၁၁-၂၀၁၉ ရက်နေ့၌ ရန်ကုန်ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင်လည်းကောင်း၊ ၄-၁၁-၂၀၁၉ ရက်နေ့ ၌ မန္တလေးမြို့ Wilsom Hotel တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၅-၁၁-၂၀၁၉ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ BO Online Form နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား တွေ့ဆုံ ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့သည်။



နိုင်ငံတော်သမ္မတရုံးမှ လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၁၉ ဖြင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်ဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို အချိန်နှင့် တစ်ပြေးညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားသောကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ထုတ်ပြန်ထားပါသည်။