(၂၀) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2019-03

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ (၂၀) ကြိမ်မြောက်အစည်းအဝေးအား စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (အချောသတ်မူကြမ်း) အား ဆွေးနွေးရန်၊ EITI စံနှုန်းအသစ်များနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်တွင် မဖြစ်မနေထည့်သွင်းဆောင် ရွက်ရမည့် ကိစ္စရပ်များအား အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။