(၁၇) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2018-11

(၁၇) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးအား စတုတ္ထအကြိမ်မြောက်  မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် PwC Myanmar မှတင်သွင်းသည့် Scoping Study Report အား ဆွေးနွေးရန်၊ တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးရန်၊ သစ်တောကဏ္ဍအစီရင်ခံစာနောက်ဆုံးအခြေအနေများအား ဆွေးနွေးရန်၊ Pre-cadaster Working Group နှင့် Mining Cadaster ဆိုင်ရာ တိုးတက်မှုအခြေအနေများအား ဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့သည်။