Awareness Raising Workshop On Beneficial Ownership held

2019-08-16

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) ဆိုင်ရာ အသိပညာမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲ အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ထုတ်ခြင်း လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာနများမှ ဝန်ထမ်းများအား မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင်  ဆောင်ရွက်နေသည့်အချက်များကို ရှင်းလင်းတင်ပြရန်နှင့် ဌာနအချင်းချင်းအကြား  ဆောင်ရွက် နေသည့် ကိစ္စရပ်များအား မျှဝေဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ အာရှတာဝန်ခံ Ms. Gay Ordenes ၊ Country Director Annie Magnus ၊ Beneficial Ownership Consultant ဖြစ်သူ NRGI မှ Matthieu Solomon ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှတာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊  ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ္တုတွင်းဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊  မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊  မြန်မာ့ကျောက်မျက်ရတနာ  ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန နှင့်  မြန်မာ့သစ်လုပ်ငန်း တို့မှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ပြည်တွင်းအခွန်များဦးစီးဌာန၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု  ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ အစိုးရကဏ္ဍကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။