Technical and Reporting Sub-committee Meeting (June 24, 2019)

2019-06-24

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့၌ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) တွင် ကျင်းပခဲ့သည်။

 

အဆိုပါအစည်းအဝေးအား နှစ်စဉ်တိုးတက်မှုအစီရင်ခံစာ (ဇူလိုင် ၂၀၁၈- ဇွန် ၂၀၁၉) မူကြမ်းအား ဆွေးနွေးရန်၊ စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၏ နောက်ဆက်တွဲအစီရင်ခံစာ (အပြီးသတ်မူကြမ်း) အား ဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့သည်။

အစည်းအဝေး၌ NCS မှ  နှစ်စဉ်တိုးတက်မှုအစီရင်ခံစာ (ဇူလိုင် ၂၀၁၈- ဇွန် ၂၀၁၉) မူကြမ်း၊  နောက်ဆက်တွဲအစီရင်ခံစာ (အပြီးသတ်မူကြမ်း) တို့ အား ဆွေးနွေးတင်ပြခဲ့ပြီး ကဏ္ဍအလိုက် ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့သည့် မူကြမ်းများအား  သဘောထားမှတ်ချက်များပေးခြင်းနှင့် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။