Technical and Reporting Sub-committee Meeting (March 22, 2019)

2019-03-22

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၌ ရန်ကုန်မြို့ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား လွတ်လပ်သော စာရင်းတိုက်ဆိုင်စစ်ဆေးသူ PwC မှ တင်ပြလာသည့် စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (မူကြမ်း) အပေါ် အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (မူကြမ်း) အပေါ် လုပ်ငန်းခွဲကော်မတီဝင်များ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများမှ ပြင်ဆင်ဖြည့်စွက်လိုသည်များကို မှတ်ချက်ပြုဆွေးနွေးခဲ့သည်။