3rd BO Task Force Meeting (Feb 25, Nay Pyi Taw)

2019-02-25

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ တတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ တတိယအကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့၌ နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ(Beneficial Owner) နှင့် နိုင်ငံရေးအရထင်ရှားသူများ (Politically Exposed Person) တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား ဆွေးနွေး အတည်ပြုခြင်း၊ သမ္မတအမိန့်ကြော်ငြာစာ (Presidential Decree) (မူကြမ်း) အား ဆွေးနွေးခြင်း၊ အချက်အလက်ဖြည့်သွင်းရမည့်ပုံစံ(BO Template Form) အား ဆွေးနွေးအတည်ပြုခြင်း၊ BO Workplan အတွက် ဘက်ဂျက်အား ဆွေးနွေးအတည်ပြုခြင်း၊ ဆုံးဖြတ်ချက်များ အတည်ပြုခြင်းနှင့် အစည်းအဝေးရက် သတ်မှတ်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများအတွက် အတွေ့အကြုံရှိသည့် နည်းပညာအဖွဲ့များအား ကြိုတင်သတ်မှတ်ညှိနှိုင်းထားရန်နှင့် လိုအပ်သည့် သင်တန်းဒီဇိုင်းများ ကြိုတင်ရေးဆွဲထားရန်နှင့် အချက်အလက်ဖြည့်သွင်းခြင်းဆိုင်ရာသင်တန်း၊ အချက်အလက်  ကောက်ယူခြင်းနှင့် စိစစ်ခြင်းဆိုင်ရာသင်တန်းများ စသည့် နည်းပညာ အထောက်အကူများရရှိရန်အတွက် Extractive Hub နှင့် NRGI အဖွဲ့များအား ချိတ်ဆက်ညှိနှိုင်းရန် ဆုံးဖြတ်ချက်များအပါအဝင် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ် အတည်ပြုခဲ့သည်။