19th Multi-Stakeholder Group Meeting (Feb 20, 2019)

2019-02-20

(၁၉) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ (၁၉) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊   အရန်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ  ငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှလေ့လာသူများ၊  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးအဖွဲ့ဝင်များ၊ ငွေကြေးထောက်ပံ့သည့်အဖွဲ့အစည်းများနှင့် အခြား လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (မူကြမ်း) အား PwC က ရှင်းလင်းတင်ပြခြင်းနှင့် ကိုယ်စားလှယ်များမှ အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်း၊ (၁၈) ကြိမ်မြောက် MSG အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခြင်းနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ပါ လုပ်ငန်း အကောင်အထည်ဖော်မှု  နောက်ဆုံးအခြေအနေများအားတင်ပြခြင်း၊ လုပ်ငန်းလမ်းညွှန် (ToR) များအား ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ်နှင့် ဘတ်ဂျက်အား ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးခြင်း၊ အကဲဖြတ်လေ့လာဆန်းစစ်ခြင်း (Validation) ဆိုင်ရာ  နောက်ဆုံးအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ ရေအားလျှပ်စစ်ကဏ္ဍအစီရင်ခံစာထုတ်ပြန်မှုှနှင့်ပတ်သက်၍  နောက်ဆုံးအခြေအနေများ ရှင်းလင်း တင်ပြခြင်း၊ ဆုံးဖြတ်ချက်များစစ်ဆေးအတည်ပြုခြင်းနှင့် ဆက်လက်ကျင်းပမည့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေး နှင့် လုပ်ငန်းခွဲကော်မတီအစည်းအဝေးများ ရက်သတ်မှတ်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စတုတ္ထအကြိမ် MEITI အစီရင်ခံစာ ပြင်ဆင်မှုအတွက် မတ်လ (၈-၁၀) ရက်နေ့ များ၌ NCS ရုံးတွင် PwC နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ်များ  တွေ့ဆုံဆွေးနွေးရန်၊ ယခင်အစီရင်ခံစာများပါ အကြံပြုတိုက်တွန်းချက်များ (Recommendations) အပေါ် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ဆောင်မှုအခြေအနေအားစုစည်းပြီး စတုတ္ထအကြိ်မ်  မြန်မာနို်င်ငံ EITI အစီရင်ခံစာတွင် ထည့်သွင်း နိုင်ရန်အတွက် PwC ထံ ပြန်လည်မျှဝေရန် စသည့် ဆုံးဖြတ်ချက်များအပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက်များချမှတ်အတည်ပြု၍ အစည်းအဝေး အား ကျင်းပပြီးစီးခဲ့သည်။