Work Plan and Governance Subcommittee Meeting (Feb 8-9, 2019)

2019-02-09

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊  ဖေဖော်ဝါရီလ (၈) ရက်နေ့ မှ (၉) ရက်နေ့အထိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား    ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာငွေ သုံးစွဲမှုအခြေ အနေများအား ဆွေးနွေးရန်  ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း  ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လျာထားနိုင်ရေးဆွေးနွေးရန်နှင့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ အုပ်ချုပ်မှုပုံစံ (Governance) အား ပြန်လည်သုံးသပ်ရန် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များနှင့် ဘက်ဂျက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြ ပြီး Recommendation Workshop အား ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လ အကြားတွင် နှစ်ရက်တာကျင်းပပြုလုပ်ရန်၊ Annual Progress Report (APR) အား Workshop တစ်ခုပြုလုပ်၍ ရေးသားပြုစုနိုင်ရေး စီစဉ်ရန် စသည့် သဘောတူညီချက်များအပါအဝင် အစည်း  အဝေးသဘောတူညီချက်များချမှတ်ခဲ့သည်။