Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2019-01-30

Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား Computerized Mining Cadaster Phase II အတွက် အကြံပေးပညာရှင် ရွေးချယ်ရေးကိစ္စရပ်များ ဆွေးနွေးသုံးသပ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင်  အကြံပေးပညာရှင်ငှားရမ်းခြင်းဆိုင်ရာဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား  ဆွေးနွေးခြင်းနှင့်   အဖွဲ့အသီးသီးမှ လျှောက်ထားလာသည့် Expression of Interest (EOI) များအား Evaluation Committee မှ အမှတ်ပေးအကဲဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသည့် အဖွဲ့များအား ရွေးချယ်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား သတ်မှတ်ခဲ့ကြသည်။