၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွက် EITI Express Newsletter

“EITI ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တော့မည့် နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Helen Clark”

 နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၉ မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ Helen Clark သည် EITI ဥက္ကဋ္ဌအဖြစ် လျာထားခံရလျက်ရှိသည်။ သူမသည် ယခင်က UNDP အကြီးအကဲတစ်ဦး အဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား တက်ကြွစွာ ဆောင်ရွက်ခဲ့သူတစ်ဦး လည်းဖြစ်ပါသည်။

 လက်ရှိ EITI ဥက္ကဋ္ဌအဖြစ် ဆွီဒင်ဝန်ကြီးချုပ်ဟောင်း Fredrik Reinfeldt သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်တာဝန်ယူခဲ့ပါသည်။ လာမည့် ဇွန်လ (၁၇) ရက်နေ့၌ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပ မည့် EITI’s Members’ Meeting တွင် နောက်သုံးနှစ်တာအတွက် EITI ဘုတ်အဖွဲ့ဝင်များကို ရွေးချယ်မည် ဖြစ်သည်။ ထိုအစည်းအဝေးအပြီးတွင် Helen Clark အား EITI ဥက္ကဋ္ဌအနေဖြစ် စတင်မြင်တွေ့ရတော့မှာ ဖြစ်ပါသည်။

“EITI Global Conference”

 ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈-၁၉) ရက်များ၌ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ OECD Conference Centre တွင် ၂၀၁၉ ခုနှစ် EITI နိုင်ငံတကာညီလာခံအား ကျင်းပမည်ဟု ပြင်သစ်နိုင်ငံအစိုးရနှင့် EITI အဖွဲ့မှ ကြေညာခဲ့ ပါသည်။ ထိုညီလာခံသည် ကောင်းမွန်သောတွင်းထွက်သယံဇာတစီမံအုပ်ချုပ်မှုကို ထောက်ပံ့နိုင်မည့်လမ်းစဉ် များ၊ ကျင့်ထုံးများအတွက် နိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပါဝင်ဆွေးနွေးနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်ပင်ဖြစ်သည်။ 

 ယခင်ညီလာခံများအား ၂၀၁၆ ခုနှစ်၌ ပီရူးနိုင်ငံတွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၌ သြစတေးလျနိုင်ငံ တွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၌ ပြင်သစ်နိုင်ငံတွင်လည်းကောင်းစသည်ဖြင့် အသီးသီးကျင်းပခဲ့ကြပါသည်။

အထက်ပါသတင်းများကဲ့သို့ EITI ဆိုင်ရာသတင်းဆောင်းပါးများအား https://mailchi.mp/eiti/a-message-from-eiti-chair-fredrik-reinfeldt-and-... တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။