(၁၈) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

2019-01-29

(၁၈) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ (၁၈) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊   အရန်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ  ငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှလေ့လာသူများ၊  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးအဖွဲ့ဝင်များ၊ ငွေကြေးထောက်ပံ့သည့်အဖွဲ့အစည်းများနှင့် အခြား လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လေ့လာဆန်းစစ်အတည်ပြုခြင်းဆိုင်ရာအစီရင်ခံစာ (မူကြမ်း) (Draft Validation Report) နှင့် ကနဦးအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ (Initial Assessment Report) အပေါ် သဘောထားမှတ်ချက်များအား ဆွေးနွေးခြင်း၊ (၁၇) ကြိမ်မြောက် MSG အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခြင်းနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ပါ လုပ်ငန်းအကောင်အထည်ဖော်မှုနောက်ဆုံးအခြေအနေများအား ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးအဖွဲ့သို့ ပေးပို့ရမည့်သဘောထားမှတ်ချက်များ အား သုံးသပ်ဆွေးနွေးရန်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် နေ့၌ NCS ရုံးတွင် ကျင်းပရန်၊ သစ်တောအစီရင်ခံစာထုတ်ပြန်မှုတွင် Forest Trend ၏ ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းမှုအား လက်ခံရန်နှင့် EITI Board အဖွဲ့ဝင်အဖြစ် လက်ရှိတွင် အမည်စာရင်းတင်သွင်းခြင်း မပြုသေးရန် စသည့် ဆုံးဖြတ်ချက်များအပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက်များချမှတ်အတည်ပြု ၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။