စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် စာရင်းကွာဟချက်များပြန်လည်စိစစ်ခြင်းများ ပြုလုပ်

2019-01-25

စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်) အတွက် စာရင်းကွာဟချက်များ ကဏ္ဍအလိုက်ပြန်လည်စိစစ်ခြင်းလုပ်ငန်းများအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄-၂၅) ရက်နေ့နှင့် (၂၇-၂၈) ရက်နေ့အထိ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ရုံးတွင် ပြုလုပ်လျှက်ရှိသည်။

အဆိုပါစာရင်းကွာဟချက်များ ပြန်လည်စီစစ်ခြင်းပြုလုပ်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊  မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊  မြန်မာ့  ကျောက်မျက်ရတနာ  ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိ သူများ၊ စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၏ လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်  ဆေးသူ (Independent Administrator) ဖြစ်သည့် PwC မှ တာဝန်ရှိသူများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီများ၊ သတ္တုကဏ္ဍကုမ္ပဏီများ၊  ကျောက်မျက်နှင့်  ကျောက်စိမ်း ကုမ္ပဏီနှင့် ပုလဲကဏ္ဍကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။