နည်းပညာနှင့်အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2019-01-21

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၌ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာပြုစုမှုဆိုင်ရာကိစ္စရပ်များ အား ဆွေးနွေးရန်နှင့် လေ့လာဆန်းစစ်အတည်ပြုခြင်းဆိုင်ရာအစီရင်ခံစာမူကြမ်း (Draft Validation Report) နှင့် ကနဦးအကဲဖြတ်ဆန်းစစ်ခြင်းအစီရင်ခံစာ (Initial Assessment Report) အား  သဘောထား မှတ်ချက်များပေးရန်ကိစ္စရပ်များအား ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၏ လွတ်လပ်သောစာရင်းတိုင်ဆိုင်စစ်  ဆေးသူ PwC မှ တာဝန်ရှိသူများက အစီရင်ခံစာပြုစုမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းခဲ့ပြီး ကဏ္ဍအလိုက် ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများနှင့်ကုမ္ပဏီများအကြား စာရင်းကွာဟသည့် အသေးစိတ်အချက်အလက်များအား PwC မှ ဌာနများနှင့် ကုမ္ပဏီများသို့ အချိန်မီ ပြန်လည်  ပေးပို့ပေးရန်၊ (၅) ကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာနှင့် ဒုတိယအကြိမ် သစ်တောကဏ္ဍအစီရင်ခံစာများအတွက်  MEITI  Facebook နှင့် Website တွင်  ကြိုတင်ကြေညာ ထားရန် စသည့် အစည်းအဝေးသဘောတူညီချက်များ ချမှတ်ခဲ့သည်။