ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2019-01-10

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၌ ရန်ကုန်မြို့ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား နေပြည်တော်တွင်  ပြုလုပ်ခဲ့သည့် ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်  မြန်မာနို်င်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲအား  ပြန်လည်သုံးသပ်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များအား  ဆွေးနွေးရန်နှင့် မြန်မာနိုင်ငံ EITI ဆိုင်ရာအသိပညာပေးအထောက်အကူပစ္စည်းများနှင့် ဗီဒီယိုဆိုင်ရာကိစ္စရပ်များဆွေးနွေးရန်  စသည့်ရည်ရွည်ချက်များဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်  မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲ၏ အားသာချက်၊ အားနည်းချက်များအား ဆွေးနွေးခြင်း၊  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့များ ဖွဲ့စည်းရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဆွေးနွေးသတ်မှတ်ခြင်း၊ မြန်မာနိုင်ငံ EITI ဆိုင်ရာအသိပညာပေး အထောက်အကူပစ္စည်းများ ရိုက်နှိပ်ထုတ်ဝေရန် အကြံပြုဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ်များ၏ တိုးတက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ရရှိနိုင်မည့် ပြင်ဆင်ချိန်အပေါ်မူတည်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် EITI မိတ်ဆက်ရှင်းလင်းတင်ပြခြင်းနှင့် SNU ဖွဲ့စည်းရေးကိစ္စများ ညှိနှိုင်းစီစဉ်ရန်နှင့် National EITI Conference ကျင်းပရေးဆိုင်ရာ အစီအစဉ်အသေးစိတ်အား (၁၈) ကြိမ်မြောက် MSG အစည်းအဝေးတွင် တင်ပြရန်၊ လူထုဆွေးနွေးပွဲအခမ်းအနားများအား သတင်းစာ၊ ရေဒီယို၊ Website နှင့် Social Media များမှတစ်ဆင့် ကြေညာရန်၊ အစည်းအဝေးသဘောတူညီချက်များ ချမှတ်ခဲ့သည်။