ကိန်းဂဏန်းအချက်အလက်ဖြည့်သွင်းခြင်းဆိုင်ရာ သင်တန်း (Reporting Template Training) ကျင်းပ

2018-12-05

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာပြုစုနိုင်ရေးအတွက် ကိန်းဂဏန်း အချက်အလက်ဖြည့်သွင်းခြင်းဆိုင်ရာ သင်တန်း (Reporting Template Training) အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ ရန်ကုန်ရှိ Best Western Green Hill Hotel နှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Hotel တွင် အသီးသီးကျင်းပခဲ့သည်။

အဆိုပါကိန်းဂဏန်းအချက်အလက်ဖြည့်သွင်းဆိုင်ရာသင်တန်းအား လွတ်လပ်သောစာရင်း တိုက်ဆိုင်စစ်ဆေးသူ (PwC) မှ ပို့ချခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကောက်ခွန်ဦးစီးဌာနနှင့်   ပြည်တွင်းအခွန်များဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်ကုမ္ပဏီများဖြစ်သည့်  ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီများ၊ ပုလဲကုမ္ပဏီများ၊ သတ္တုကုမ္ပဏီများနှင့်  ကျောက်မျက်ကျောက်စိမ်းကုမ္ပဏီများမှ တာဝန်ရှိသူများ၊ PwC မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းအား အစိုးရဌာနများအတွက် (၀၉းဝ၀) နာရီမှ (၁၂းဝ၀) နာရီအထိလည်းကောင်း၊ လုပ်ငန်းရှင်ကုမ္ပဏီများအား  (၀၉းဝ၀) နာရီမှ (၁ရး၃၀) နာရီအထိလည်းကောင်း ကဏ္ဍ အလိုက်အချိန်အပိုင်းအခြားဖြင့် ကျင်းပခဲ့သည်။

ဒီဇင်ဘာလ (၅) ရက်နေ့တွင် (၀၉းဝ၀) နာရီမှ (၁ရးဝ၀) နာရီအထိ ကျင်းပခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့စီ မံရေးဦးစီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ဘတ်ဂျက်ဌာနခွဲ)၊ ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်ရုံးချုပ်) နှင့်ငွေတိုက်ဦးစီးဌာနတို့မှ တာ ဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ္တုတွင်းဦးစီးဌာန၊ မြန် မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တု တွင်းလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်  သတ္တုရှာဖွေရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ PwC မှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။

သင်တန်းတွင် PwC မှ ကဏ္ဍအလိုက်ဖြည့်သွင်းရမည့် အချက်အလက်ဖြည့်သွင်းသည့်ပုံစံများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ မေးမြန်းခြင်း၊ ဖြည့်စွက်ရှင်းလင်းခြင်းများပြုလုပ်ခဲ့သည်။