ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-12-03

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၌ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၌ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ဘဏ္ဍာရေးနှစ်မြန်မာနိုင်ငံ EITI အစီရင်ခံစာများထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲတို့အား ပြန်လည်သုံးသပ်ရန်၊ နေပြည်တော်၌ ကျင်းပမည့် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းအခမ်းအနား၊ လူထုဆွေးနွေးပွဲနှင့်ညစာတည်ခင်းဧည့်ခံ ပွဲတို့အပေါ်ဆွေးနွေးရန်၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်မည့်အခမ်းအနားအစီအစဉ်အပေါ်ဆွေးနွေးရန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပရန်လျာထားသော လူထုဆွေးနွေးပွဲအပေါ်ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတာဝန်ရှိသူများမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ တွင် ကျင်းပခဲ့သော အစီရင်ခံစာများထုတ်ပြန်ကြေညာခြင်းအခမ်းအနားနှင့်လူထုဆွေးနွေးပွဲတို့အား စီစဉ်ကျင်းပ ခဲ့သည့်နည်းလမ်းများကို တင်ပြခဲ့ပြီး လုပ်ငန်းခွဲကော်မတီဝင်များမှလည်း အဆိုပါအခမ်းအနားများအပေါ် သုံးသပ် ဆွေးနွေးခဲ့သည်။ ထို့နောက် နေပြည်တော်တွင်ကျင်းပမည့် ့ မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းအခမ်းအနား၊ လူထုဆွေးနွေးပွဲနှင့်ညစာတည်ခင်းဧည့်ခံပွဲတို့အား စီစဉ်ဆောင်ရွက်မည့် နည်းလမ်းများနှင့် အထွေထွေအကြောင်းအရာများအားဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစီရင်ခံစာများထုတ်ပြန်ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲအား  ပြည်သူလူထု စိတ်ဝင်စားမှု အားကောင်း  စေရန်နှင့် ပြည်သူများ အကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် လိုအပ်သော အချိန် တစ်ခုယူ၍ FM ၊ Social Media ၊ TV Channel ၊ Printed Media များမှ ကြော်ငြာအသိပေးရန်၊ လူထုဆွေးနွေးပွဲပုံစံအား ပုံစံအသစ်ဖြင့် ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် စသည် အစည်းအဝေး သဘောတူညီချက်များချမှတ်ခဲ့သည်။