နည်းပညာနှင့်အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-11-23

နည်းပညာနှင့်အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၌ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာရေးဆွဲခြင်းနှင့်ပတ်သက်၍ လုပ်ငန်းနယ်ပယ်လေ့လာသတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Study Report) အား လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ PwC မှ ရှင်းလင်းတင်ပြရန်နှင့် ယင်းအစီရင်ခံစာအား လုပ်ငန်းခွဲကော်မတီဝင်များမှ ပြန်လည်သုံးသပ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် PwC မှ တာဝန်ရှိသူများက လုပ်ငန်းနယ်ပယ်လေ့လာသတ်မှတ်ခြင်းအစီရင်ခံစာ အား ကဏ္ဍအလိုက် ထုတ်နုတ်တင်ပြခဲ့ပြီး လုပ်ငန်းခွဲကော်မတီဝင်များမှ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ အစီရင်ခံစာပြုစုရန်အတွက် သက်ဆိုင်ရာဌာနအသီးသီးမှ  တောင်းခံထားသော အချက်အလက်များအနက် ကျန်ရှိနေသေးသော အချက်အလက်များအား PwC မှ NCS သို့ပေးပို့ရန်၊ ကိန်းဂဏန်းအချက်အလက်ဖြည့်သွင်းခြင်းဆိုင်ရာ သင်တန်း (Reporting Template Training) အား  နေပြည်တော်နှင့်ရန်ကုန်မြို့တို့၌ ဒီဇင်ဘာလတွင် ကျင်းပရန် စသည့် အစည်းအဝေး သဘောတူညီချက်များ ချမှတ်၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။