မြန်မာနိုင်ငံ EITI အစီရင်ခံစာများထုတ်ပြန်ကြေငြာခြင်းနှင့် လူထုဆွေးနွေးပွဲ

2018-11-09

၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံEITI အစီရင်ခံစာများ လူထုဆွေးနွေးပွဲ (Public Debate)



နေ့ရက် - ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက် (တနင်္လာနေ့)

အချိန် - မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ

နေရာ - ဆူးလေရှန်ဂရီလာဟိုတယ်

အမှတ် (၂၂၃)၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့



နေရာအခက်အခဲရှိပါသဖြင့် နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံး ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါသည်။

ဒေါ်ထက်နန္ဒာအောင် - ၀၉ ၅၁၆ ၆၇၅၇ | ဦးဇင်ကိိုကိုအောင် - ၀၉ ၉၇၈ ၃၈၈ ၃၁၉

Email: [email protected]

သတင်းမီဒီယာများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန်မလိုဘဲ လွတ်လပ်စွာ တက်ရောက်သတင်းရယူနိုင်ပါသည်။





မြန်မာနိုင်ငံ နှင့် EITI လုပ်ငန်းစဉ်



မြန်မာနိုင်ငံ၌ EITI လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ယင်း လုပ်ငန်းစဉ်တွင် တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများမှရရှိသော အခွန်ဘဏ္ဍာနှင့် အခြား အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးထားသည့် နှစ်စဉ်အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းလည်း ပါဝင်ပါသည်။



EITI လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် တွင်းထွက်သယံဇာတအရင်းအမြစ်များအား စီမံခန့်ခွဲမှု၊ အခွန်ကောက်ယူမှုစနစ်၊ မျှတသောရင်းနှီးမြှုပ်နှံမှုဝန်းကျင် စသည်တို့ တိုးတက်ကောင်းမွန်လာစေနိုင်ပြီး ပြည်သူလူထုအနေဖြင့်လည်း အခွန်ဘဏ္ဍာနှင့် အခြားအချက်အလက်များအား ပွင့်လင်းမြင်သာစွာ သိရှိလာနိုင်မည် ဖြစ်ပါသည်။ 



မြန်မာနိုင်ငံ EITI အစီရင်ခံစာများ



ပထမအကြိမ် (၂၀၁၃ - ၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်) အစီရင်ခံစာအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့အတူ ဒုတိယအကြိမ် (၂၀၁၄ - ၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်) နှင့် တတိယအကြိမ် (၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်) အစီရင်ခံစာများအား ၂၀၁၈ ခုနှစ်၊ မတ်လ၌ ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာများတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲကဏ္ဍများအားလွှမ်းခြုံသည့် အခွန်ဘဏ္ဍာနှင့် အခြား အချက်အလက်များပါဝင်ပါသည်။ အစီရင်ခံစာပါအချက်အလက်များနှင့် အကြံပြုတိုက်တွန်းချက်များသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် ဦးတည်ပါသည်။



မြန်မာနိုင်ငံ EITI အစီရင်ခံစာများဆိုင်ရာ လူထုဆွေးနွေးပွဲ



EITI စံသတ်မှတ်ချက်အရ EITI အစီရင်ခံစာများအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်နှင့် အဆိုပါအစီရင်ခံစာများနှင့်ပတ်သက်၍ လူထုဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်နှင့် အစီရင်ခံစာများပါ အချက်အလက်များအပေါ် ပြည်သူလူထုက အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးက လူထုဆွေးနွေးပွဲများ စီစဉ်ကျင်းပလျက်ရှိပါသည်။