Second Meeting of Beneficial Ownership Task Force Held

2018-10-19

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးအား နေပြည်တော်ရှိ Horizon Lake View Hotel ၊ သဇင်ဗီလာ၌ ၂၀၁၈  ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု နှင့် နိုင်ငံရေးအရထင်ရှားသူများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား  ဆွေးနွေးအတည်ပြုခြင်း၊ မည်သည့်ကုမ္ပဏီများကို အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ  ကောက်ယူမည်နည်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို မည်ကဲ့သို့ ထုတ်ပြန်မည်နည်း၊ ကုမ္ပဏီများထံမှ မည်သူက အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်ကောက်ယူမည်နည်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်များသို့ SNU ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သွားရောက်ရာတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာလုပ်ငန်းစဉ် မိတ်ဆက်ခြင်းအစီအစဉ်အား ထည့်သွင်းဆောင်ရွက်ရန်၊ Beneficial Ownership Focal Agency အဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအား သတ်မှတ်ရန်နှင့် ၎င်း Focal Agency မှ လက်အောက်ရှိ သင့်တော်သည့်ဌာနအား ဆက်လက်တာဝန်ပေးအပ်ရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့် အစည်းအဝေး ဆုံးဖြတ်ချက်များ အတည်ပြုချမှတ်၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။