Work Plan and Governance လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-10-16 to 2018-10-18

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ် (Work Plan) ပါ ဘက်ဂျက်ပမာဏများ အားပြင်ဆင်ချိန်ညှိရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် ဆောင်ရွက်နေသည့် လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ နှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၏  တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ စာရင်းအချက်အလက်များရရှိမှု နောက်ဆုံးအခြေအနေအား ဆွေးနွေးတင်ပြခြင်း၊ မြန်မာ   နိုင်ငံ EITI လုပ်ငန်းအစီအစဉ်ပါလုပ်ငန်းများနှင့် ဘက်ဂျက်ပမာဏများအား ချိန်ညှိခြင်း စသည် တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ လုပ်ငန်းအစီအစဉ် (Work Plan) အား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ သဘောတူညီခြင်း နှင့် လုပ်ငန်းအစီအစဉ်ပါ NCS ဘက်ဂျက်နှင့်ပတ်သက်၍ NCS က ရှင်းလင်းတင်ပြရန်နှင့်  စသည့် အစည်းအဝေး သဘောတူညီချက်များ ချမှတ်၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။