Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-10-15 to 2018-10-18

Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ဘူမိဗေဒလေ့လာရေးနှင့် ဓါတ််သတ္တုရှာဖွေရေး ဦးစီးဌာနရုံး၊   နေပြည်တော်၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကမ္ဘာ့ဘဏ်မှ အကြံပေးဖြစ်သူဒေါ်တင်ဇာထွန်းက  ရှေ့ဆက်လက် အကောင်အထည်ဖော်မည့် Cadaster Unit အတွက် ငှားရမ်းမည့် အကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များ(မူကြမ်း) အား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ Pre-Cadaster Working Group အကြံပေး Mr. Chorn Nak မှ Pre-Cadaster Working Group  နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား တင်ပြခြင်း၊ သတ္တုတွင်းဦးစီးဌာနမှ လက်ထောက်ဘူမိ ဗေဒအရာရှိ ဦးဇော်မင်းလွင်က Zambia နိုင်ငံ၏ Artisanal and Small-scale Mining နိုင်ငံတကာညီလာခံသို့ သွားရောက်လေ့လာခဲ့သည့်အတွေ့အကြုံများအား  ဆွေးနွေး တင်ပြခြင်း၊  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ နည်းပညာကျွမ်းကျင်သူ ဦးထွန်းပေါ်ဦးက Mining Cadaster Briefing and Workshop နှင့် ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များအား  ဆွေးနွေး တင်ပြခြင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ Mining Cadaster Briefing Workshop အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအလယ်တွင်  ကျင်းပရန်၊ Myanmar Mining Cadaster အား အတည်ပြုရန် နှင့် Cadaster ToR နှင့် ပတ်သက်၍  သက်ဆိုင်ရာကဏ္ဍအလိုက်  အသေးစိတ်ဆွေးနွေးထားရန်၊  လာမည်(၁၇)  ကြိမ်မြောက်သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်း အဝေးတွင် ယင်းအကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များအား ဆွေးနွေးရန်အတွက် Mining Cadaster လုပ်ငန်းခွဲ  ကော်မတီကို တာဝန်ပေးရန်အတွက်တင်ပြရန်စသည့် အစည်းအဝေးသဘောတူညီချက်များ  ချမှတ်၍ အစည်း အဝေး အား ကျင်းပပြီး စီးခဲ့သည်။