(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး ကျင်းပ

2018-10-02 to 2018-10-05

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အရ (၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး အား ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ၊ ဒုတိယဥက္ကဌ နှင့် ကဏ္ဍအလိုက် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျုဟာနှင့် EITI ဌာနခွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူးရုံးအဖွဲ့ဝင်များ၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် လွတ်လပ်သော စာရင်းတိုက်ဆိုင်စစ် ဆေးသူ (Independent Adminstrator) PwC မှ တာဝန်ရှိသူများ၊ ငွေကြေးထောက်ပံ့သည့်အဖွဲ့အစည်းများနှင့် အခြားလေ့လာသူများ တက်ရောက်ခဲ့ကြသည်။

 အစည်းအဝေးတွင် (၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုနှင့် ဆက်စပ်အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အကဲဖြတ်ဆန်းစစ်အ တည်ပြုခြင်း (Validation) အခြေအနေများ၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ ရေးသားရန် အခြေအနေများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင််မှု လုပ်ငန်းစဉ်၊ ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအပြီးသတ်အစီရင်ခံစာ၊ Pre-Cadaster Working Group၊ ဓါတ်သတ္တုမြေပုံအညွှန်း (Mineral and Gemstone Cadaster) တို့နှင့် သက်ဆိုင်သည့်  နောက်ဆုံး အခြေအနေများ၊ ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ များထုတ်ပြန်မည့်အခမ်းအနားအစီအစဉ်များနှင့် အခြားအထွေအထွေကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ဇမ်ဘီယားနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှလည်း ခရီးစဉ်အတွေ့အကြုံများအား ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈-၁၉) ရက်များတွင် ကျင်းပမည့် ဒုတိယအကြိမ် BO Task Force အစည်းအဝေးတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအတွက် BO လုပ်ငန်းစဉ်လမ်းညွှန်ချက် (Guideline)  ပြုစုနိုင်ရေး ကို ဆွေးနွေးရန်၊ ဖွဲ့စည်းရန် ကျန်ရှိနေသည့်  SNU များအား  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်  ပြည်နယ်များတွင်  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  နောက်ဆုံးထား၍ ဖွဲ့စည်းရန်၊ သစ်တောကဏ္ဍ အပြီးသတ်အစီ ရင်ခံစာနှင့်ပတ်သက်၍ မရှင်းလင်းသည်များအား Moore Stephen မှ  (၁၇) ကြိမ်မြောက် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့အစည်းအဝေးတွင် လာရာက်ရှင်းလင်းပေးရန် စသည့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်အ တည်ပြု၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။