Capacity Buiding Training for Beneficial Ownership Task Force

2018-09-28 to 2018-10-05

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း နှစ်ရက်တာ ကျင်းပ



အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နှင့် (၂၈) ရက်နေ့များတွင် ကျင်းပခဲ့သည်။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ EITI မှငှားရမ်းထားသော Adam Smith International ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အကြံပေး Dr. Juliana ကဆွေးနွေးပို့ချခဲ့ခြင်းဖြစ်သည်။



အဆိုပါ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ အရန်ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အခြား လေ့လာသူများ တက်ရောက်ခဲ့သည်။

သင်တန်းပထမနေ့တွင် Dr. Juliana က အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ မိတ်ဆက်ခြင်းနှင့် သင်တန်း ရည်ရွယ်ချက်များကို ဆွေးနွေးတင်ပြကာ သင်တန်းအား စတင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်နှင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ မိတ်ဆက်ခြင်း၊ အပြည်ပြည်ဆိုင်ရာချဉ်းကပ်ပုံနည်းလမ်းများ၊ အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လိုအပ်ချက် - လက်ရှိ အထိ ဆောင်ရွက်ထားရှိမှုများကို Dr. Juliana အပြင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၊ အကျိုးအမြတ်ရ ရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ NRGI နှင့် MATA မှ တာဝန်ရှိသူများက တင်ပြဆွေးနွေးခဲ့သည်။ ထို့အပြင် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် အုပ်စုဖွဲ့ဆွေးနွေး တင်ပြမှုများကိုလည်း ပြုလုပ်ခဲ့သည်။



သင်တန်းဒုတိယနေ့တွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့၏ အခန်းကဏ္ဍ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လုပ်ငန်းအစီအစဉ်မူကြမ်း အပြီးသတ်ခြင်း၊ အကျဉ်းချုပ်နှင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့၏ ဦးစားပေးမူဝါဒဆိုင်ရာဆုံးဖြတ်ချက်များ အုပ်စုဖွဲ့ဆွေးနွေးခြင်းစသည့်တို့ကို တင်ပြဆွေးနွေးခဲ့သည်။ သင်တန်းအပြီးတွင် အကြံပေးပညာရှင်မှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ သင်တန်းအား ကျင်းပပြီးစီးခဲ့သည်။