လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-10-01 to 2018-10-05

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ်ပါလုပ်ငန်းများနှင့် ဘက်ဂျက်ပမာဏများအား ချိန်ညှိခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မည့်ကာလများနှင့် ငွေကြေး သုံးစွဲမည့်ကာလများ သတ်မှတ်ခြင်း၊ ထပ်တိုးအကောင်အထည်ဖော်ရန်လိုအပ်သည့် လုပ်ငန်းအစီအစဉ်များနှင့်   ဘက်ဂျက်လျာထားခြင်း စသည်  တို့ကို ဆွေးနွေးခဲ့သည်။



ဆက်လက်၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး  ၏ နည်းပညာအဖွဲ့နှင့် ပြန်ကြားဆက်သွယ်ရေးအဖွဲ့တို့တွင် ဝန်ထမ်း ထပ်ခန့်ရန်အတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန်၊ Beneficial Ownership နှင့်ပတ်သက်၍ သီးခြားရန်ပုံငွေ ရရှိရန်အတွက် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးအဖွဲ့ နှင့် ချိတ်ဆက်ရန်၊ Artisanal Mining and Small-scale Mining နှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန်အတွက် ToR ရေးဆွဲရန် နှင့်  ပြင်ဆင်  ဖြည့်စွက်ထား သည့် လုပ်ငန်းအစီအစဉ် အား သဘော တူညီခြင်း စသည့် အစည်းအဝေး သဘောတူညီချက်များ ချမှတ်၍ အစည်းအဝေးအား  ကျင်းပပြီးစီးခဲ့သည်။